Tablet Firmware တင်နည်း
အားလုံးဘဲမင်္ဂလာနံနက်ခင်းလေးပါကျွန်တော်ရေးနေတဲ့အချိန်ကနံနက်ခင်းလေး ပါဗျ ကျွန်တော်ဒီတစ်ခါပြောပြချင်တာလေးကတော့ Tablet Firmware တင်နည်းလေးပါဗျာ ..သိပြီသားဆရာတွေကကျော်သွားလိုက်ပေါ့ဗျာ မသိသေးသူများအတွက်ဖြစ်ပါတယ်ဗျာဒီ Tablet Firmware တင်နည်းလေးတွေကို များသောအားဖြင့် သင်တန်းတွေမှာလည်းမသင်ဘူးဗျကျွန်တော်ကတော့သိ သလောက်တော့ ပြောပြပေးမှာဖြစ်ပါတယ် ကျွန်တော်ကတော့အခုလေးတင် တင်ပြီးတာပါ ကဲစလိုက်ကြရအောင် အတတ်နိုင်ဆုံးနားလည်အောင်တော့ရှင်းပြပေး သွားမှာပါ ဒါမှနားမလည်ဘူးဆို၇င်တော့ ကျွန်တော်ညံ့တယ်လို့ ဘဲယူဆလိုက်ပါမယ်နော်......ကဲကျွန်တော်ကတော့ A 13 Tablet လေးကို firmware တင်ပြမှာပါ
ပထမဆုံးအနေနဲ့ Tablet တွေကို Firmare တင်ရင် Livesuit.exe နဲ့တင်ရတာပါဗျာ
http://www.mediafire.com/download/ixad7xdwz223gub/LiveSuitPack_1.11.zip အရင်ဆုံး အဲဒီ Tool လေးကိုဒေါင်းလိုက်ပါနော် ဒေါင်းလို့ရလာတဲ့ Tool လေးကို Zip ဖြည်လိုက်ပါနော် ပြီးရင်တော့ Tool လေးကိုဖွင့်ပြီး install လုပ်လိုက်ပါ သိရမှာကအဲဒီတူးက သူ့ကိုမမောင်းခင် livesuitpack_1.11.exe ကိုအရင်မောင်းပါ သဘောကတော့ driver ကိုအရင်မောင်းလိုက်ဘာဘဲဗျ ပြီးမှ livesuite.exe ကို install လုပ်ပါ ဒါဆိုရင်အောက်ပုံးလေးအတိုင်းပေါ်လာပါမယ်.
ပြီးရင်တော့ကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်လိုက်ပါ
အဲဒီလိုလေးနှိပ်လိုက်ရင်ဘောက်လေးကျလာပါမယ် သူ့ရဲ့ firmware ဖိုင်ကိုရွေးပေးပြီး Open ပေးလိုက်ပါန်ာသူ့ရဲ့ ဖိုင်က .img ပါ နော် ကဲရွေးပေးပြီးရင်တော့ ဖုန်းဘက်မှာဘာလုပ်ရမလဲဆိုရင် ဖုန်းမှာ volume downကိုနှိပ် ပြီးရင် power ကို ခုနှစ်ချက်နှိပ်ပြီး ကြိုးထိုးလိုက်ပါ ဒါဟာဘာလုပ်တာလဲဆိုရင် driver သိအောင်လို့ပါ ပြီးရင်
ဘောက်လေးကျလာရင် yes , yes သာပေးလိုက်ပါနော် ဒါဆိုရင်သူ့ ဘာသာ တင်သွားပါလိမ့်မယ် ဒီအထိတော့နားလည်လားသိဘူးဗျ
ကဲတင်သွားပြီနော်
ပြီးသွားရင်တော့ Update Success လို့ပေါ်လာရင်တော့ ပြီးသွားပါပြီ အဲဒီတော့ ok သာပေးလိုက်ပါတော့နော်
Tablet တွေကို Firmware တင်မယ်ဆိုရင် သိရမှာက သူဟာဖုန်းတွေလို မော်ဒယ်သိစရာမလိုဘူးဗျ ဘာသိရမလဲဆိုရင် သူဟာ ဘာ Cpu သုံးထားလဲဆိုတာသိဖို့လိုပါတယ် အခုကျွန်တော်ပြောသွားတာက Allwinner A 13 ကိုသုံးထားပါတယ်အဲဒီတော့သိရမှာကTablet တွေကို Firmware တင်မယ်ဆိုရင် ဘာ Cpu ဆိုတာကြည့်လိုက်ပါ ဘာကိုသုံးထားသုံးထားဒီပုံတိုင်းပါဘဲ တင်ကြည့်ရမှာပါ အားလုံးနားလည်လားတော့သိဘူးဗျ နောက်ပြီး Tablet တွေကို firmware ရေးပြီးသွားလို့ တက် အလုပ်မလုပ်ဘူးဆိုရင်တော့ သေချာပါတယ် firmware မကိုက်တာပါအဲဒီတော့ကျန်တာတွေတင်ကြည့်ပေါ့ဗျာ အော် မေ့သွားလို့ Allwinner A 13 တွေအတွက်ဒီမှာရှာပြီးဒေါင်းလိုက်ပါနော်
https://cloud.mail.ru/public/a0360683bec5/PACK%20A13/
ကျန်တဲ့ Cpu ဆိုရင်တော့ ကိုယ်ဖာသာကိုဘဲရှာဒေါင်းလိုက်ပါနော် ကျွန်တော်ကတော့ နောက်မဘဲရှာပေးတော့မယ်
ကဲ နှုတ်ဆတ်ပါပြီဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအမှားပါရင်လည်းခွှတ်လွှတ်ပေးကြပါနော်
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များကိုအဆင်လေးစားလျက်ပါ..........
Byeeeeeeeeeeeeeeeeeeeeeeeeeeeeee





0 comments:
Post a Comment