Huawei Firmware တင်နည်း
Huawei Andoird Phone ကိုင်ဆောင်သူ တွေအားလုံးအတွက် Firmware တင်နည်းလေးပါကျွန်တော်ဒါလေးကိုတင်ချင်နေတာ ကြာပါပြီ အားလုံးသိစေဖို့ရည်ရွယ်ပါတယ်ဗျာ ဒါပေမဲ့ သိပီးသားဆရာတွေကတော့ကျော်သွားလိုက် ကြပါနော် လုံးဝမသိသေးသူတွေအတွက်ပါ..........
ကဲစလိုက်ကြရအောင် firmware တင်နည်းကိုအပိုင်းလေးတွေနဲ့ ခွဲပြီးတင်ချင်ပါတယ်ဗျ..........
ပထမပိုင်းအနေနဲ့ လွယ်မယ့်ဟာလေးကို ပြောချင်ပါတယ်ဗျ......
အရင်ဆုံး Firmwareကျမယ့်အခြေနေလေးကိုပြောပြချင်ပါတယ်Firmwareကျရချင်းဟာများသောအားဖြင့် မိမိ ဖုန်းထဲမှာပါတဲ့ တရုတ်ဆော့ဝဲတွေကိုဖျက်ရင်လည်းဖြစ်တတ်ပါတယ်ဗျ နောက်ပြီး ကလိတာ များသွားရင်လည်း ဖြစ်တတ်သေးတယ်ဗျ ဟိဟိ အတိကျဘဲနော် ဖြေတာကတော့.........
ကဲစလိုက်ကြရအောင် အရင်ဆုံး ဥပမာနော် .....
ဒီလိုဗျ firmware တင်မယ်ဆိုရင် မိမိဖုန်းဟာဘာမော်ဒယ်လဲဆိုတာသိဖို့လိုပါတယ်နော်
firmware ကျသွားတဲ့အလုံးကတော့ သေချာပါတယ် လိုဂိုမှာဘဲရပ်နေလိမ့်မယ်ဗျ ဒါဆိုရင်မော်ဒယ်နံပါတ် ကိုသိဖို့မိမိဖုန်းရဲ့ နောက်ကျောမှာပါတဲ့ Battery ကိုဖြုတ်ပြီး ကြည့်လိုက်ပါ ဖုန်းရဲ့မော်ဒယ်နံပါတ်ကိုတွေ့ ရမှာပါဗျ fimware မကျတဲ့သူများကတော့ မိမိဖုန်းရဲ့ setting ထဲကိုဝင်ပြီး အောက်ဆုံးမှာ About Phone ဆိုတာပါလိမ့်မယ်ဗျ အဲဒီထဲမှာ Phne ရဲ့ မော်ဒယ် ဆိုတာပါပါတယ်ဗျ အဲဒီမှာကြည့်လိုက်တော့နော်.....
ကဲဒါဆိုမော်ဒယ်နံပါတ်ကတော့ကြည့်တတ်သွားပြီဗျ ခွင့်နာကပြောခဲ့သလို လိုဂိုမှာဘဲရပ်နေရင် Firmware လစ်ပြီပေါ့နော် ဒါဆို ပြန်တင်ရတော့မှာပေါ့နော် ...........
ပထမဆုံးအနေနဲ့ dload နဲ့တင်တဲ့အကြောင်းလေးကိုပြောပြချင်ပါတယ် လွယ်ပါတယ်ဗျ ဟိဟိဟိ
အရင်ဆုံးမိမိဖုန်းနဲ့သတ်ဆိုင်တဲ့ firmware ကိုဒေါင်းလိုက်ကြနော် ..ဥပမာ မိမိရဲ့ဖုန်းဟာ c 8650 ဆိုပါစို့
ဒေါင်းလိုက်လို့ရလာတဲ့ firmware ကို zip ကိုဖြည်လိုက်ပါ ပြီးရင်အတွင်းမှာ dload ကိုတွေ့ပါလိမ့်မယ် အရင်ဆုံး dload ထဲကိုဘဲထပ်ပြီးဝင်ကြည့်လိုက်ပါ အတွင်းမှာ Update.app ဒီလိုဆိုရင်လွယ်ပါတယ်နော်
နောက်ပြီး dload ထဲမှာဘဲ Update.zip ဖိုင်ကိုလည်းတွေ့ရတတ်ပါတယ်ဒါတွေကိုတော့နောက် ခန်းမှာဘဲပြောတော့မယ်နော် ..အရင်ဆုံး memory card 2 ကဒ် နဲ့ 2ကဒ်အထက်လိုအပ်ပါမယ် အရင်ဆုံး
memory card ကို format ရိုက်လိုက်ပါ ပြီးရင်ဇစ်ဖြည်လို့ရလာတဲ့ dload လေးကို memroy card ထဲကို
copy ကူးထည့်ပေးလိုက်ပါ ပြီးရင် ကူးထားတဲ့ memory ကဒ်လေးကို မိမိရဲ့ဖုန်းထဲကိုထည့်လိုက်ပါနော်ပြီးရင် ဖုန်းကို ဘက်ထရီဖြုတ် 5 စက္ကန့်လောက်ထားပါ ထားပြီးပြန်တပ်ပါ ဘက်ထရီကို နောက် ဖုန်းကို firmware တင်မှာဖြစ်တဲ့အတွက် ဖုန်းမှာပါတဲ့ power ကီးရယ် volume
down+up ရယ်ကိုတစ်ပြိုင်တည်းတွဲနှိပ်လိုက်ပါ အပေါ်ကပုံအတိုင်း step 1,2 ဆိုပြီးတင်သွားပါလိမ့်မယ် တကယ်လိုstep 1 မှာ failed ဖြစ်ရင် memory card လဲပါ နောက်ပြီး 2 မှာဆိုရင်တော့ memory က အသစ်ဆိုရင်တော့ Builed number အမြင့်ကိုတင်ရမှာဖြစ်ပါတယ် အော်ဒါနဲ့ Builed number ကြည့်မယ်ဆိုရင် ခွင့်နာကဒေါင်းထားတဲ့ ဇစ်ဖိုင်လေးကို Right click နှိပ်ပြီး Properties ကနေပီး general box ထဲမှာဘဲ ကြည်လိုက်ပါ သူ့ရဲ့နောက်က Bဂဏန်းဘာညာတွေပေါ့ဗျာဒါဆိုရင်ရှင်းမယ်ထင်ပါတယ်နော် ကဲဒါဆိုရင်firmware ကတင်သွားပါလိမ့်မယ်နော်
ဒါဆိုရင်ဖုန်းဟာ Restart ကျသွားမှာပါ ဒါဆိုရင်တော့ပြီးပါပြီနော် ..............
Phone ဟာလိုဂိုကနေတက်လာပြီး firmware အောင်သွားပါလိမ့်မယ်နော် တကယ်လို့လိုဂိုတက်တာကြာ နေတယ်ဆိုရင်တော့ ဘက်ထရီကိုဖြုတ်ပြီးပြန်တပ်လိုက်ပါ အဆင်ပြသွားပါလိမ့်မယ်နော် ........................
အားလုံးဘဲအဆင်ပြေကြပါစေလို့တောင်းဆုပြုပါတယ်.....
ကျွန်တော်ရဲ့သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များကိုစိတ်ထဲအသည်းထဲကနေရှိခိုးပူဇော်ရင်းးးးးးးးးးးးးးး
0 comments:
Post a Comment